You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
အလုပ်အင်တာဗျူးမှာ အမှတ်ကောင်းရဖို့ ဘယ်လိုဝတ်ဆင်ကြမလဲ။

အလုပ်အတွက် လူတွေ့စစ်မေးတဲ့ အင်တာဗျူးသွားဖြေတဲ့အခါ ဘယ်အဝတ်အစားဟာ ကိုယ့်အတွက် အသင့်လျှော်ဆုံးဖြစ်မလဲဆိုတဲ့ အတွေးကို လူတိုင်းတွေးမိကြမှာပါ။ တောင်းမှာအကွပ် လူမှာအဝတ်လို့ဆိုတဲ့အတိုင်း ကိုယ့်အသွင်အပြင်ဟာ ကိုယ်လျှောက်ထားတဲ့အလုပ်ကို အကောင်းဆုံးလုပ်နိုင်မယ်လို့ ယူဆနိုင်မည့် အသွင်အပြင်မျိုး၊ ကိုယ်လျှောက်ထားတဲ့အလုပ်နေရာနှင့် ကိုက်ညီသင့်လျှော်မည့် အသွင်အပြင်မျိုးရှိနေဖို့ လိုအပ်ပါတယ်။ စကားတစ်လုံးမှမပြောရသေးခင်မှာပဲ ကိုယ့်အသွင်အပြင်ကို လူတွေ့မေးမယ့် သူက ကြည့်ပြီး ဘယ်လိုလူမျိုးဖြစ်မလဲ ဆိုတာ အကဲဖြတ်လေ့ရှိကြတာမို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမျိုးပြင်ဆင်ပြီး တင်ဆက်မလဲဆိုတာ အရေးကြီးပါတယ်။ အလုပ်အတွက် လူတွေ့စစ်မေးတဲ့ အင်တာဗျူးသွားဖြေတဲ့အခါ ဘယ်အဝတ်အစားဟာ ကိုယ့်အတွက် အသင့်လျှော်ဆုံးဖြစ်မလဲဆိုတဲ့ အတွေးကို လူတိုင်းတွေးမိကြမှာပါ။ တောင်းမှာအကွပ် လူမှာအဝတ်လို့ဆိုတဲ့အတိုင်း ကိုယ့်အသွင်အပြင်ဟာ ကိုယ်လျှောက်ထားတဲ့အလုပ်ကို အကောင်းဆုံးလုပ်နိုင်မယ်လို့ ယူဆနိုင်မည့် အသွင်အပြင်မျိုး၊ ကိုယ်လျှောက်ထားတဲ့အလုပ်နေရာနှင့် ကိုက်ညီသင့်လျှော်မည့် အသွင်အပြင်မျိုးရှိနေဖို့ လိုအပ်ပါတယ်။ စကားတစ်လုံးမှမပြောရသေးခင်မှာပဲ ကိုယ့်အသွင်အပြင်ကို လူတွေ့မေးမယ့် သူက ကြည့်ပြီး ဘယ်လိုလူမျိုးဖြစ်မလဲ ဆိုတာ အကဲဖြတ်လေ့ရှိကြတာမို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမျိုးပြင်ဆင်ပြီး တင်ဆက်မလဲဆိုတာ အရေးကြီးပါတယ်။ -သန့်ရှင်းသပ်ရပ်မှုရှိပါစေ ကိုယ်ကနေဆိုးရွားတဲ့အနံ့အသက်တွေရှိမနေစေဖို့နဲ့ အမျိုးသမီးများအနေနဲ့ ရေမွှေးနဲ့မိတ်ကပ်များအလွန်အကျွံ မသုံးစွဲမိကြဖို့ အရေးကြီးပါတယ်။ နှုတ်ခမ်းနီကိုလည်း အရမ်းတောက်ပပြီး ရင့်လွန်းတဲ့ အရောင်တွေကိုလည်း ရှေင်သင့်ပါတယ်။ လက်သည်းခြေသည်းများလည်း သန့်ရှင်းပြီးတိတိရိရိဖြင့် သပ်ရပ်စွာရှိသင့်ပါတယ်။ အမျိုးသားများအနေဖြင့် ဆံပင်၊မုတ်ဆိတ်တွေကို တိတိရိရိ ညှပ်ထားပြီး သပ်သပ်ရပ်ရပ် ဖြီးသင်ထားဖို့ လိုအပ်ပါတယ်။ မိန်းကလေးများအနေနဲ့လည်း ဆံပင်တိုလျှင်လည်း သပ်ရပ်စွာ ဖြီးထားသင့်သလို ဆံပင်ရှည်လျှင်တော့ တစ်ဝက်ချည်တဲ့ပုံစံဖြစ်ဖြစ်၊ ခပ်လျော့လျော့စည်းတာပဲဖြစ်ဖြစ် သေသပ်စွာ ထုံးဖွဲ့တတ်ဖို့တော့ လိုအပ်ပါတယ်။ -အကောင်းဆုံးဝတ်ဆင်ပါ အဝတ်အစား ကောင်းကောင်းဝတ်ပြီး အင်တာဗျူးသွားဖြေပါဆိုလို့ နာမည်ကြီးတံဆိပ်တွေ၊ ဈေးကြီးတာတွေမှ ဝတ်စရာမလိုပါဘူး။ အရောင်မတောက်လွန်း မဖျော့လွန်းတဲ့ တည်တည်ငြိမ်ငြိမ် အရောင်လေးတွေနဲ့ သိပ်ပြီး အတွန့်အတက်တွေမများတဲ့ အလုပ်နဲ့လိုက်ဖက်တဲ့ အဝတ်အစားကို သပ်သပ်ရပ်ရပ်ဝတ်ဆင်သွားလျှင် လုံလောက်ပါပြီး။ မပြင်မဆင်ဘဲ ဖရိုဖရဲဝတ်လာတဲ့ လူတစ်ယောက်ကိုမြင်လိုက်တာနဲ့ အလုပ်ခန့်မယ့်ကုမ္ပဏီဘက်က စိတ်ပျက်သွားပါလိမ့်မယ်။ ရှေးရိုးစွဲရှိတဲ့ ကုမ္ပဏီတွေမှာဆိုရင် ဝတ်စားဆင်ယင်မှုက အတော်လေး အလေးထားပါတယ်။ တချို့အလုပ်ခွင်တွေမှာတော့ အဲ့လောက်အရေးမကြီးဆိုပေမဲ့ ရှေးရိုးဆန်တဲ့လူကြီးတွေ မေးမယ့်အလုပ်အင်တာဗျူးမှာ ကိုယ်ကအလုပ်နဲ့လျှော်ညီစွာ သပ်သပ်ရပ်ရပ်မဝတ်သွားဘူးဆိုရင်တော့ သူတို့အမြင်မှာ ကိုယ့်အတွက် အမှတ်နည်းသွားတော့မှာပါ။ လူတစ်ယောက်ဟာ အခြားလူတစ်ယောက်ကို မြင်မြင်ချင်းမှာ သူ့ရဲ့အသွင်အပြင်ကိုကြည့်ပြီး ကောက်ချက်ချကြတာများပါတယ်။ ဒါကြောင့်မို့လို့ အလုပ်အင်တာဗျူးကိုသွားတဲ့အခါ ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှုဟာ ကိုယ့်မှာရှိတဲ့ လုပ်ငန်းအတွေ့အကြုံ၊ စိတ်ကူးအကြံဉာဏ်တွေနဲ့ ဆက်စပ်သင့်လျော်မှုရှိသင့်ပါတယ်။ ဥပမာ ကိုယ်က ဒီဇိုင်နာအလုပ်ကိုလျှောက်ရင် ကိုယ့်ရဲ့ ပုံစံက ခေတ်ရေစီးနဲ့လျှော်ညီတဲ့ ဖက်ရှင်ကျကျ စတိုင်ခပ်မိမိလေးဖြစ်သင့်သလို စာရင်းကိုင်လိုရာထူးမျိုးဆိုရင်တော့ တည်တည်ငြိမ်ငြိမ်ဝတ်စုံလေး ဝတ်ခြင်းက အင်တာဗျူးသူတွေအမြင်မှာ ကိုယ့်ကို သူများတွေထက်ပိုပြီး ပေါ်လွင်ခြားနားသွားစေပါလိမ့်မယ်။ ပရော်ဖက်ရှင်နယ်ကျကျ ဝတ်စားတတ်ခြင်းဟာ ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးတစ်ခုပါဘဲ။ အကြံပေးချင်တာက အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အင်တာဗျူးဖြေဖို့သွားမယ်ဆို ဂျင်းတွေကို အတတ်နိုင်ဆုံး ရှောင်သင့်ပါတယ်။ အမျိုးသမီးတွေအဖို့ အရောင်မှိုင်းတဲ့ ဖိနပ်အပါးနှင့် မြင့်လွန်းတဲ့ဒေါက်တွေကိုရှောင်သင့်ပြီး ဒေါက်ခပ်ပါးပါးလေးပါတဲ့ ကိုယ်စီးနေကျပုံစံ ဖိနပ်လေးဝတ်ဆင်သွားမယ်ဆိုလျှင်တော့ အင်တာဗျူးခန်းထဲဝင်တဲ့အခါ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ပုံစံနဲ့အကောင်းဆုံးလျှောက်လှမ်းနိုင်မှာပါ။ အသင့်လျှော်ဆုံး အင်တာဗျူးဝတ်စုံဆိုတာ သန့်ရှင်းပြီး ကိုယ်ပေါ်မှာ ဝတ်ဆင်ရတာ သက်တောင့်သက်သာရှိပြီး ကိုယ်နဲ့ကွက်တိဖြစ်သင့်သလို လျှောက်ထားတဲ့ကုမ္ပဏီရဲ့ ဓလေ့နဲ့ သင့်လျော်တဲ့ ဝတ်စုံမျိုး ဖြစ်သင့်ပါတယ်။

အလုပ်အတွက် လူတွေ့စစ်မေးတဲ့ အင်တာဗျူးသွားဖြေတဲ့အခါ ဘယ်အဝတ်အစားဟာ ကိုယ့်အတွက် အသင့်လျှော်ဆုံးဖြစ်မလဲဆိုတဲ့ အတွေးကို လူတိုင်းတွေးမိကြမှာပါ။

Share this post

最近の投稿